Activities

Corona Virus Infectious Disease 2019 (Covid-19) Pandemic ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း မြန်မာ့သစ်လုပ်ငန်း၊ ဌာနပိုင်ဆင်စခန်းများရှိ ဌာနပိုင်ဆင်များနှင့် ဝန်ထမ်းများအတွက် မြန်မာ့သစ်လုပ်ငန်း နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် The Nature Conservancy, Myanmar (TNC) အဖွဲ့မှ ဆင်များအတွက် ဆေးဝါး၊ အစားအစာဝယ်ယူရန်နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေအား ဝင်္ဂဘော် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဆင်စခန်းတွင် ၂၅-၇-၂၀၂၀ ရက်နေ့၌ ထောက်ပံ့ပေးအပ်ခဲ့ရာ မြန်မာ့ သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန အထွေထွေမန်နေဂျာ (သစ်ထုတ်ရေး)မှ လက်ခံရယူခဲ့သည့် အစီအစဉ် ဖြစ်ပါသည်။

          အဆိုပါအခမ်းအနားသို့ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှုး၊ အထွေထွေမန်နေဂျာ (စီမံကိန်း) ဦးညီညီထွန်း၊ ဦးမန်းဝင်းတင် (ကျွမ်းကျင်သူ)နှင့် TNC-Myanmar မှ ဒေါက်တာတင့်လွင်သောင်းတို့ တက်ရောက်ခဲ့ကြပါသည်။

 

 

 

 

 

 

 

 

 

 

 

© 2024   Myanma Timber Enterprise. All Rights Reserved.