သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း

အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်

၁။      ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း သည် အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ၂၅.၁၂.၂၀၂၃ ရက်တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၀ (အနိုင်) ရလဒ်ဖြင့် အုပ်စု(ခ)တွင် ရမှတ် ၇ မှတ် (၂ ပွဲနိုင်၊ ၁ ပွဲသရေ) ဖြင့် အုပ်စုအဆင့်မှ ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါသည်။

၂။       ၂၆.၁၂.၂၀၂၃ ရက်တွင် အုပ်စုတွင်း နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်မှု ရလဒ်အခြေအနေအရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း အနေဖြင့် အုပ်စုပထမ (သို့) အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

၃။      ကွာတားဖိုင်နယ်အဆင့်တွင် အုပ်စု (ဃ) ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့မှ အုပ်စုပထမ၊ အုပ်စုဒုတိယ အသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

၄။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံးအသင်းအနေဖြင့် ကွာတားဖိုင်နယ်အဆင့်တွင် အောင်မြင်မှုရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေး အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအားလုံး စိတ်အားတက်ကြွစွာဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့် ဆောင်ရွက်လျက်ရှိပါသည်။

Feed Back

© 2024   Myanma Timber Enterprise. All Rights Reserved.