မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ ၂၀၁၉-၂၀၂၀ခုနှစ်အတွင်း ကျွန်း/သစ်မာထုတ်လုပ်မှုတွင် ဌာနအင်အားဖြင့် မလုံလောက်သည့် သစ်တန်များအတွက် ပုဂ္ဂလိက (ဆင်/ယာဉ်ယန္တရားပိုင်ရှင်များ)အား ကဏ္ဍအလိုက် ငှားရမ်းဆောင်ရွက်မှုအား အသိပေးထုတ်ပြန်ကြေငြာခြင်း

 

မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ ၂၀၁၉-၂၀၂၀ခုနှစ်အတွင်း ကျွန်း/သစ်မာထုတ်လုပ်မှုတွင် ဌာနအင်အားဖြင့် မလုံလောက်သည့် သစ်တန်များအတွက်   ပုဂ္ဂလိက (ဆင်/ယာဉ်ယန္တရားပိုင်ရှင်များ)အား ကဏ္ဍအလိုက် ငှားရမ်းဆောင်ရွက်မှုအား အသိပေးထုတ်ပြန်ကြေငြာခြင်း

 မြန်မာ့သစ်လုပ်ငန်း၊သစ်ထုတ်ရေးဌာနသည် ကျွန်း/သစ်မာထုတ်လုပ်ခြင်းဆိုင်ရာ အောက်ပါသစ်ထုတ် လုပ်ငန်းစဉ် များအား ဆောင်ရွက်လျက်ရှိပါသည်-

          (က) သစ်ခုတ်ခြင်း

          ( ခ) ငုတ်ထုတ်ခြင်း (သစ်လုံးများအား ငုတ်ရင်းမှ ဆင်ဖြင့် ဆွဲထုတ်ခြင်း)

          ( ဂ) သစ်တင်/ သစ်ချခြင်း

          (ဃ) လမ်းဖောက်ခြင်း( မိန်းလမ်း/ သစ်ကွက်အတွင်းလမ်း)

          (င)  သစ်လုံးများသယ်ပို့ခြင်း(တောထုတ်)

ဤသို့ဆောင်ရွက်ရာတွင် သစ်ခုတ်ခြင်းလုပ်ငန်းအား ရှေးယခင်ကတည်းကအစဉ်အလာအတိုင်း ဌာန၏ ကြီးကြပ်မှု အောက်တွင် လုပ်ငန်းအတွေ့အကြုံရှိသည့်သစ်ခုတ်ဆိုင်းများဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။

သို့သော် ဆင်/ယာဉ်ယန္တရားများဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်းများအတွက်မူ ဌာနအင်အားမလုံလောက်သည့် ဒေသများ၌ လိုအပ်သည့်လုပ်ငန်းကဏ္ဍအလိုက် ဆင်၊ ကား၊ ဒိုဇာ (လမ်းဖောက်စက်)၊ လိုဒါ (သစ်တင်/ သစ်ချစက်)များအား ပြင်ပမှ ငှားရမ်းဆောင်ရွက်နေပါသည်။         

ယင်းသို့ ငှားရမ်းဆောင်ရွက်ရာတွင် သစ်ထုတ်ရေးဌာန၏ ဌာနဆိုင်ရာညွှန်ကြားလွှာ အမှတ်(DI-39)အရ သစ်ထုတ် လုပ်ငန်းအတွေ့အကြုံရှိသောပုဂ္ဂိုလ်များအား ဦးစားပေးငှားရမ်းဆောင်ရွက်စေမည်ဖြစ်ပြီး၊ ၄င်းတို့၏ လုပ်ဆောင်ချက် များသည် ကျေနပ်အားရ ဖွယ်မရှိပါက ဌာနအနေဖြင့် အချိန်မရွေး လုပ်ငန်း ရပ်စဲ နိုင်ပါသည်။

ထို့အပြင် ၄င်းတို့၏လုပ်ငန်းအပေါ် အင်အားစိုက်ထုတ်ဆောင်ရွက်မှုအား စဉ်ဆက်မပြတ်စောင့်ကြည့် အကဲဖြတ်၍ လုပ်ငန်းပြီးမြောက်မှုအားနည်းသည့်လုပ်ငန်းရှင်များရှိပါက ၎င်းတို့အစား လုပ်ငန်းနိုင်နင်းသည့် ဒေသမှဌာနအင်အား ဖြစ်သည့်ဆင်/ယာဉ်ယန္တရားများအား ရွေ့ပြောင်း၍ ဝင်ရောက်ဆောင်ရွက်သွားစေမည် ဖြစ်သကဲ့သို့၊ အခြေအနေ အရပ်ရပ်အရ လုပ်ငန်းပြီးမြောက်မှု အားနည်းသည့်ဒေသများတွင်လည်း လိုအပ် ပါက ထပ်မံ၍ အငှားချ ဆောင်ရွက် သွားမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ခုနှစ်အတွင်း ကျွန်း/သစ်မာထုတ်လုပ်မည့် ကြိုးဝိုင်/ကြိုးပြင် သစ်ကွက်များတွင် ဌာန အင်အားဖြင့် မလုံလောက်သည့် သစ်တန်အတွက် အငှားအင်အားဖြင့် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်အား ဖော်ပြအပ်ပါသည်။

 

 

© 2024   Myanma Timber Enterprise. All Rights Reserved.