၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

၁။       ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံး အသင်းက ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။

၂။         အဆိုပါဘောလုံးပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံး အသင်းက အုပ်စုပတ်လည်ပြိုင်ပွဲများကို ၂၀.၁၂.၂၀၂၃ ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာန ဘောလုံးအသင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းအမှတ် (၃) ၌ ယှဉ်ပြိုင်ကစားခဲ့ရာ ၁ - ၁ (သရေ) ရလဒ် ဖြင့်လည်းကောင်း၊ ၂၂.၁၂.၂၀၂၃ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဘောလုံးအသင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းအမှတ် (၁)၌ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ - ၀ (အနိုင်) ရလဒ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါသည်။

၃။       ယနေ့ ၂၅.၁၂.၂၀၂၃ ရက်တွင် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းအမှတ် (၃) ၌ ပညာရေးဝန်ကြီးဌာနဘောလုံးအသင်းနှင့် နေ့လယ် ၁၅၀၀ နာရီတွင် ယှဉ်ပြိုင် ကစား ရမည်ဖြစ်ပါသည်။

၄။       သို့ဖြစ်ပါ၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံးအသင်း အနေဖြင့် အုပ်စုအဆင့်မှသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင် ကစားနိုင်ရေးကြိုးစား ယှဉ်ပြိုင်လျက်ရှိပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.