MTE အေၾကာင္း

MTE အကြောင်း

aboutmte

မြန်မာ့သစ်လုပ်ငန်းသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိစီးပွားရေးဆိုင်ရာ လုပ်ငန်းဌာနတစ်ခုဖြစ်ပါသည။
မြန်မာ့သစ်လုပ်ငန်းသည် သစ်ထုတ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချဝင်ငွေရှာဖွေဆောင်ရွက်နေသော
ဌာနကြီး တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်လျှက်ရှိပါသည်-
(၁)    ၁၉၄၈ ခုနှစ်မှ စတင်၍ The State Timber Board (STB) အမည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
(၂)    ၁၉၅၄ ခုနှစ်တွင် STB ၏ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Mr. H. F. Scheweiertz မှ စီမံချက်
ချမှတ်ဆောင်ရွက်ခဲ့ပါသည်။
(၃)    ၁၉၆၃ ခုနှစ်တွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား နိုင်ငံတော်မှသာ ဆောင်ရွက်ရန် ပြဌာန်းခဲ့ပြီး သစ်ခွဲစိတ်ခြင်းလုပ်ငန်းများအား
၁၉၆၅ခုနှစ်တွင် နိုင်ငံပိုင် သစ်စက်များအသွင်ဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။
(၄)    ၁၉၇၄ခုနှစ်တွင် State Timber Board (STB) အား Timber Corporation (TC) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
(၅)    ၁၉၇၅-၁၉၈၅ခုနှစ်များတွင်  IDA, ADB နှင့် JICA တို့၏ ချေးငွေ၊ ပံ့ပိုးငွေများ( Loans and Grants) ဖြင့်
စီမံချက်(၅)ခု အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။
(၆)    ၁၉၈၉ ခုနှစ်တွင် စျေးကွက်စီးပွားရေးစနစ်သို့ ပြုပြင်ပြောင်းလဲကာ သစ်လုပ်ငန်းကော်ပိုရေးရှင်း− Timber Corportation (TC) အား
မြန်မာ့သစ်လုပ်ငန်း - Myanma Timber Enterprise (MTE) အမည်ဖြင့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်း အသွင်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

© 2024   Myanma Timber Enterprise. All Rights Reserved.