
သစ်အခြေခံစက်မှုလုပ်ငန်းဌာန

ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
မြန်မာ့သစ်လုပ်ငန်း
သစ်အခြေခံစက်မှုလုပ်ငန်းဌာန

 

သစ်အခြေခံစက်မှုလုပ်ငန်းဌာနသည် သစ်တောရေးရာဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ ဌာနကြီး (၈)ခုအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။သစ်အခြေခံစက်မှုလုပ်ငန်း ဌာန၏အဓိကတာဝန်မှာ နိုင်ငံပိုင်သစ်တော သယံဇာတများဖြစ်သည့် ကျွန်းနှင့်သစ်မာ ကုန်ကြမ်းများဖြင့် သစ်အခြေခံအချောထည် ထုတ်ကုန်များထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပစျေးကွက်များသို့ ဖြန့်ဖြူးတင်ပို့ပြီး ပြည်တွင်းဝင်ငွေ၊ ပြည်ပဝင်ငွေများရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြောင်းလဲလာသော နိုင်ငံတကာစျေးကွက်အခြေအနေအရ လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တောင်းဆိုမှုများအရ လည်းကောင်း၊ အဖိုးတန်သစ်တော သယံဇာတများကို အလေအလွင့် အနည်းဆုံးနှင့် အကျိုးအမြတ်အများဆုံး ရရှိစေရန် တန်ဖိုးမြှင့်သစ်အခြေခံထုတ်ကုန်များ (Value-added Wood-based Products) ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

woodbase1

ထို့အပြင် နိုင်ငံတော်၏ စျေးကွက်စီးပွားရေးမူဝါဒနှင့်အညီပေါ်ထွန်းလာသော ပုဂ္ဂလိက သစ်အခြေခံ စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့်စျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ပူးပေါင်း ဖလှယ်ရေး၊ တတ်စွမ်းသမျှညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အထက်ဌာနအဆင့်ဆင့်၏ လမ်းညွှန်မှုနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။

 

နောက်ခံအကြောင်းအရာ


သစ်အခြေခံစက်မှုလုပ်ငန်းဌာနသည် ယခင်က မြန်မာ့သစ်လုပ်ငန်း၊ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနလက်အောက် တွင် ဌာနခွဲတစ်ခုအဖြစ် တည်ရှိခဲ့ပြီး ၁၉၉၉ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့တွင် သစ်အခြေခံစက်မှုလုပ်ငန်းဌာန ( Wood-based Industry Department ) အဖြစ် ယာယီဖွဲ့စည်းပုံဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၄၅/၂၀၀၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အထွေထွေမန်နေဂျာဦးဆောင်သော ဌာနကြီးတစ်ခု အဖြစ် သီးခြားရပ်တည်လာခဲ့ပါသည်။

 

သစ်အခြေခံစက်မှုလုပ်ငန်းဌာန၏ရည်မှန်းချက်များ

 

သစ်အခြေခံစက်မှုလုပ်ငန်းဌာနသည် မြန်မာ့သစ်လုပ်ငန်းလက်အောက်တွင် သီးခြားဌာနကြီးတစ်ခုအဖြစ် ဖွဲ့စည်း ထူထောင်ခဲ့ပြီးနောက် သစ်တောရေးရာဝန်ကြီးဌာန၏ ချမှတ်ခဲ့သော မူဝါဒများနှင့်အညီ အောက်ဖော်ပြပါ ရည်မှန်းချက် များကို ဦးတည်ဆောင်ရွက်ခဲ့ပါသည်-
(က)   နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်ပဝင်ငွေ ပိုမို တိုးမြှင့်ရရှိရေးအတွက် သစ်ကို အလုံးလိုက်    ကုန်ကြမ်းအဖြစ်

         တင်ပို့ရောင်းချနေမှုကို တဖြည်းဖြည်းလျှော့ချ၍ တန်ဖိုးမြှင့်သစ်အခြေခံကုန်ချောပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး

         ဆောင်ရွက်သွား ရန်။

(ခ)  နိုင်ငံပိုင် သစ်အခြေခံစက်ရုံများသာမက ပုဂ္ဂလိက၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ ဖက်စပ်လုပ်ငန်းများ၊ ရာနှုန်းပြည့်

       ရင်းနှီးမြှုပ်နှံမှုများကိုလည်း အထူးအလေးထား အားပေးဆောင်ရွက်ရမည်ဖြစ်ရာ ထပ်မံပေါ်ပေါက်လာမည့် စက်ရုံ၊ 

       အလုပ်ရုံသစ် များအား စိစစ်ပေးခြင်း၊ နည်းပညာ၊ အတတ်ပညာများ ပံ့ပိုးကူညီခြင်း၊ ထိန်းသိမ်းလမ်းညွှန်မှုများ

       ပေးခြင်း၊လုပ်ငန်းစဉ်များ စီစဉ်ပေးခြင်းများဆောင်ရွက်ရန်။

(ဂ)  သစ်အလေအလွင့်အနည်းဆုံးနှင့် တန်ဖိုးအမြင့်ဆုံးရစေမည့် သင့်လျှော်သော သစ်အခြေခံစက်မှုလုပ်ငန်းများထူထောင်

        ရေးကူညီဆောင်ရွက်နိုင်ရန်။

(ဃ)  လူသုံးနည်းသစ်များ၊ သစ်မဟုတ်သော ကြိမ်၊ဝါး၊ ဗေဒါစသည့် ကုန်ကြမ်းများကို အသုံးချကာ တန်ဖိုးမြှင့်သစ်အခြေခံ

        ကုန်ချောပစ္စည်းများတီထွင်ကြံဆထုတ်လုပ် ၍ နိုင်ငံတကာစျေးကွက်တွင် မျက်နှာပန်းလှစွာ ထိုးဖောက်ဝင်ရောက်

        နိုင်ရေး ဆောင်ရွက်နိုင်ရန်။
(င)   ပြည်တွင်းသစ်အခြေခံကုန်ချောပစ္စည်းများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏

        သစ်အခြေခံကုန်ချောပစ္စည်းများ နိုင်ငံ တကာစျေးကွက်တွင် မျက်နှာပန်းလှစွာ ထိုးဖောက်ဝင်ရောက်နိုင်ရေး

        ဆောင်ရွက် နိုင်ရန်။


မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်ရုံများမှထုတ်လုပ်လျက်ရှိသော သစ်အခြေခံကုန်ချော ပစ္စည်းများမှာအောက်ပါ

အတိုင်းဖြစ်ပါသည်-

(က) အထပ်သားနှင့်သစ်ပါးလွှာစက်ရုံများ

       (၁) သစ်ပါးလွှာ(Veneer)

       (၂) အထပ်သား(Plywood)

       (၃) သစ်ကပ်ပန်းချီ(Marquetry)

(ခ) ပရိဘောဂနှင့်ပုံဖော်စက်ရုံများ

      (၁) ကြမ်းခင်းတုံးကြီး(Parquet)

      (၂) ကြမ်းခင်းတုံးလတ်(Lam-parquet)

      (၃) ကြမ်းခင်းတုံးသေး(Mosaic)

      (၄) နှစ်ဘက်ချော(Smooth Two Sides)

      (၅) လေးဘက်ချော(Smooth Four Sides)

      (၆) ကြမ်းခင်းလျှာထိုး(Parquet Tongued & Grooved)

      (၇) ပုံဖော်သစ်(Moulding)

      (၈) နဘေသစ်(Skirting)

      (၉) စက်မှုသုံးကြမ်းခင်းတုံး(Industrial Parquet)

      (၁၀) ကြမ်းခင်းပြား(Floor Tile)

      (၁၁) လက်ယှက်သစ်ချောင်း/သစ်စပ်ပြား(Finger Jointed Strips/ Boards)

      (၁၂) Engineered Hardwood Flooring အတွက် သစ်မာအပေါ်ယံအလွှာ(Top Layer)

      (၁၃) ဥယျာဉ်သုံးပရိဘောဂ (Garden Furniture)၊ ရုံးသုံး၊ ကျောင်းသုံးနှင့် နေအိမ်သုံးပရိဘောဂများ

      (၁၄) ရှဉ့်ပြားကြီး(Flitches)

      (၁၅) ရှဉ့်ပြား(Planks)

     (၁၆) သင်္ဘောခင်းပျဉ်(Decks)

     (၁၇) ရှဉ့်ပျဉ်(Boards)

 woodbase2

© 2024   Myanma Timber Enterprise. All Rights Reserved.