ဘဏ္ဍဍာရေးနှင့်ငွေစာရင်းဌာန FAQ

ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန FAQ

မေးခွန်း(၁)။ ။မြန်မာ့သစ်လုပ်ငန်း၏ သာမန်အသုံးစရိတ်ရန်ပုံငွေသုံးစွဲသည့်လုပ်ငန်းကို သိလို ပါသည်။

အဖြေ(၁)။ ။မြန်မာ့သစ်လုပ်ငန်း၏ သာမန်အသုံးစရိတ်ရန်ပုံငွေမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာနမှ နှစ်စဉ် ဧပြီလတွင် ထုတ်ပြန်သော ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေမှ ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲထားခြင်းဖြစ်ပါ၍ ဆောင်ရွက်သည့် လုပ်ငန်းပမာဏအပေါ်မူတည်၍ ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက် ခွင့်ပြုငွေများ တောင်းခံခြင်း၊ လွှဲပြောင်းသုံးစွဲခြင်း၊ ပြန်လည်အပ်နှံခြင်းများကို ဆောင်ရွက်ပါသည်။

မေးခွန်း(၂)။ ။မြန်မာ့သစ်လုပ်ငန်းရှိ ပင်စင်စားအရေအတွက်နှင့် ပင်စင်အတွက်အသုံးစရိတ် အခြေအနေကို သိလိုပါသည်။

အဖြေ(၂)။ ။မြန်မာ့သစ်လုပ်ငန်းရှိ ပင်စင်စားအရေအတွက်မှာ (၁၇၈၁၃)ဦး ဖြစ်ပြီး ၂၀၁၂- ၂၀၁၃ ခုနှစ် တစ်နှစ်လုံးအတွက် ပင်စင်အသုံးစရိတ် ကျပ် ၅၅၁၃.၅၄ သန်း ကုန်ကျခဲ့ပါသည်။

မေးခွန်း(၃)။ ။မြန်မာ့သစ်လုပ်ငန်းတစ်ခုလုံး၏ပုံသေပိုင်ပစ္စည်းတန်ဖိုး စုစုပေါင်းမည်မျှရှိသလဲ။

အဖြေ(၃)။ ။မြန်မာ့သစ်လုပ်ငန်းတစ်ခုလုံး၏ပုံသေပိုင်ပစ္စည်းတန်ဖိုး စုစုပေါင်း Book Value အရ ကျပ် ၇၄၃၀.၆၀ သန်း ရှိပါသည်။

© 2023   Myanma Timber Enterprise. All Rights Reserved.