သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း ကွာတားဖိုင်နယ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း ကွာတားဖိုင်နယ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း

ကွာတားဖိုင်နယ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

၁။      ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဘောလုံးအသင်း သည် အုပ်စုပတ်လည်ပြိုင်ပွဲများတွင် ရမှတ် ၇ မှတ် (၂ ပွဲနိုင်၊ ၁ ပွဲသရေ)၊ အုပ်စုပထမဖြင့် အုပ်စုအဆင့်မှ ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါသည်။

၂။       အဆိုပါ ကွာတားဖိုင်နယ်ပြိုင်ပွဲကို အုပ်စု (ခ) ပထမ ဖြစ်သည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံးအသင်းနှင့် အုပ်စု (ဃ) ဒုတိယဖြစ်သော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဘောလုံးအသင်းတို့သည် ၂၉.၁၂.၂၀၂၃ ရက်၊ ၁၄:၄၅ နာရီ၌ လေ့ကျင့်ရေးကွင်း အမှတ် (၃) တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

၃။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘောလုံးအသင်းအနေဖြင့် ကွာတားဖိုင်နယ် အဆင့်တွင် အောင်မြင်မှုရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေး အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအားလုံး စိတ်အားတက်ကြွစွာဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။

၄။      ဘောလုံးဝါသနာရှင်အများပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနေဖြင့် အဆိုပါပြိုင်ပွဲကို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

© 2024   Myanma Timber Enterprise. All Rights Reserved.